Friday, December 7, 2007

ဟာသ အပိုင်းအစများ ( အရက်သမား (၁) )

တစ်ခါက တစ်ယောက်နဲ့ တစ်ယောက် တွေ့တိုင်း ပြိုင်လေ့ရှိတဲ့
ယုန်လေး တစ်ကောင်နဲ့ မြေးခွေး တစ်ကောင် ရှိ သတဲ့
တစ်နေ့တော့ ယုန်ကလေးက စက်ဘီးစီးလာချိန်မှာ
အရက်မူးပြီး လမ်းလျှောက် နေတဲ့ မြေခွေး နဲ့ ဆုံကြသတဲ့

အဲ့ဒီမှာ မြေခွေးက
ဟေ့ကောင် မင်းက စက်ဘီးတွေ ဘာတွေနဲ့ ပါလား ?
ယုန် ကပြန်ပြီး
အေး ငါက မင်းလို အရက် မသောက်ဘူး အဲ့ဒါကြောင့် စက်ဘီးစီးနိုင်တာ

နောက်တစ်ခါ ယုန်က ကား မောင်းလာပြီး ထပ်ဆုံသတဲ့

အဲ့ဒီမှာ မြေခွေးက
ဟေ့ကောင် မင်းက ကားတွေ ဘာတွေနဲ့ ပါလား ?
ယုန် ကပြန်ပြီး
အေး ငါက မင်းလို အရက် မသောက်ဘူး အဲ့ဒါကြောင့် ကားစီးနိုင်တာ

နောက် တစ်ခါ ယုန်လေး က လမ်းလျှောက်လာတော့ မိုးပေါ်မှာ အသံတွေ ကြားလို့ မော့ကြည့်လိုက်တော့
မြေခွေးက ရဟတ်ယာဉ်ကို မောင်းပြီး ပြုံးပြသတဲ့

အဲ့ဒီမှာ ယုန် လေးက
မင်း ဒီလောက် သောက်စားနေတာကို ဘယ်လို လုပ်ပြီး ရဟတ်ယာဉ် ဝယ်နိုင်ရတာလဲ ?

မြေခွေး ပြန်ပြော လိုက်ပုံမှာ
အေး … ငါ အရက် ပုလင်းခွံတွေ ရောင်းလို့ ရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာကွ

1 comment:

သဇင်ဏီ said...

Great Answer & Good JoB!!!
ဟီး..ဟီး..ရီသွားတယ်နော်