Monday, January 21, 2008

သွားကုန်ကြပြီ သွားကုန်ကြပြီ

အော် ကိုယ့်မျက်စိရှေ့မှာပဲ တစ်ယောက်ပြီး
တစ်ယောက် သွားကုန်ကြတာ
နောက်ဆုံးတော့ ငါတစ်ယောက်တည်း ကျန်ခဲ့တာပါလား

သတ္တိတွေ ကြောင်ခဲ့လို့လား? e ပဲ အားနည်းလို့လား?
ပိုက်ဆံပဲ မရှိတာလား? မြန်မာပြည်ကိုပဲ ချစ်တာလား?
တော့မသိပါဘူး ........

Saturday, January 5, 2008

မနေ့တုန်းက ပြန်တွေ့ခဲ့တဲ့ ကောင်မလေးတစ်ယောက်

(သို့မဟုတ်)
( အန္တရာယ် ကြားက လွတ်မြောက်မှု့ကို ပြန်လည် သတိရခြင်း )
ဇာတ်လမ်းတွေ ရှိခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်
ငယ်စဉ်က ရူးသွပ်ဖူးတဲ့ သူတစ်ယောက်
ငါရှေ့မှာ ငါ့သူငယ်ချင်းတွေ တစ်ယောက်ပြီး
တစ်ယောက်နဲ့ တွဲခဲ့တာ ငါအမြဲမြင်နေတယ်
အော် ခုတော့လည်း မင်းနဲ့ ဖူးစာမဆုံခဲ့တာကိုပဲ
ကျေးဇူးတင်ရမလို ဖြစ်နေပါပြီ........

Thursday, January 3, 2008

အော် -ိန်း- -ိန်း -

ရွှေ အကြောင်း ဖယောင်းကသိ
လူ အကြောင်း ပေါင်းမှ သိ
သိပ်မှန်တဲ့ စကားပုံတစ်ခုပါပဲ

ပေါင်းတာကြာလေ ပိုသိလေပဲ
တစ်ခါနှစ်ခါ တွေ့ရုံနဲ့တော့ ယုံစားလို့မရပါဘူး
အော် -ိန်း- -ိန်း- တော်တော်လည်း တတ်နိုင်ကျတဲ့ -ိန်း - တွေ
အရင် တုန်းက တစ်မျိုး အခုတစ်မျိုးနဲ့
ဟိုတုန်းက တွေ့ခဲ့တာ မင်းမှ ဟုတ်ရဲ့လားလို့
စိတ်ကောက်တတ်တာလဲ မင်းပဲ
အချော့ကြိုက်တာလဲ မင်းပဲ
အခု ကျတော့လဲ မင်းမဟုတ်တဲ့ အတိုင်းပါပဲလား

ဒီ အပြုံးနဲ့ အမုန်း ကြားထဲမှာ သံသရာ လည်နေတော့လည်း........

ငါ့အပြစ်ပါကွာ

တစ်ခါ ခံရရင် လုပ်တဲ့သူ အပြစ်
နှစ်ခါခံရရင်လည်း လုပ်တဲ့သူ အပြစ်ပဲ
ဒါပေမယ့် သုံးခါ ခံရရင်တော့ ခံရတဲ့သူ အပြစ်တဲ့

နှစ်ခါ ခံစားပြီးပြီလေ ......
အဲ့ဒီလောက်ဆို “ ဒတ် ” လိုက်ပါတော့ လို့
ကိုယ့်ကို ကိုယ် သတိပေးနေမိတယ်။
ဦးနှောက်က တားမြစ်ချက်ကို လစ်လျူရှုပြီး
မင်းရဲ့ အပြုံးတစ်ချက်ရဲ့ စေညွှန်ရာကို
မက်မက်မောမော လုပ်ချင်နေမိတာဟာ
ဘာကြောင့်လို့ မင်းထင်လဲ.......

Wednesday, December 26, 2007

ကောင်းလိုက်တဲ့ ယတြာ

တစ်နေ့ ဘုရားပေါ်မှာ ဗေဒင် ဟောနေတဲ့ ဗေဒင်ဆရာ တစ်ယောက်ဆီကို မိန်းမတစ်ယောက် ဗေဒင်လာမေးသတဲ့။
အဲ့ဒီမိန်းမ ပုံကို ဗေဒင်ဆရာက ကြည့်လိုက်တော့ ပုံစံက သိပ်မဟုတ်ချင်ဘူး။ ဒါပေမယ့်လည်း

ကိုယ့်ဆီလာတဲ့ Customer ဆိုတော့ မေးလိုက်တယ်။ လာပါဗျာ ဗေဒင်မေးမလို့လား?
အဲ့ဒီမိန်မ က “ ဟုတ်ကဲ့ ဆရာ၊ ကျွန်မ အလုပ်အကိုင် သိပ်မကောင်းလို့ ယတြာလေးလိုချင်လို့ ”
ဗေဒင်ဆရာက “ ဒါနဲ့ အမ က ဘာ အလုပ်လုပ်လဲ။ ”
သူ့အလုပ်က ပြောလို့မကောင်းတဲ့ အလုပ်ဆိုတော့
အဲ့ဒီမိန်းမက “ ဆရာ ကျွန်မအလုပ်ကို မပြောပါရစေနဲ့။ ”
ဒါနဲ့ ဗေဒင်ဆရာလည်း “ ရပါတယ်။ ခင်ဗျား မပြောချင်လည်း မပြောပါနဲ့ ဆိုပြီး ယတြာ လုပ်ပေးလိုက်သတဲ့ ”

ယတြာ က ကြက်တူရွေး ပုံကို အလုပ်လုပ်ရင် အိတ်ထဲမှာ အမြဲဆောင်ထား ရမယ်လို့ပြောလိုက်တယ်။
မိန်မကြီးလည်း ပြန်သွားတော့တယ်။
နောက် နှစ်ပါတ်လောက် အကြာမှာ ဗေဒင် ဆရာဆီကို အဲ့ဒီမိန်မ ပြန်ရောက်လာတယ်။

မိန်းမ “ အလုပ်အကိုင် အဆင်ပြေလို့ ဆရာကို ကျေးဇူးလာဆပ်တာပါ။
နောက်ပြီး ဆရာ ဘာဖြစ်လို့ ကျွန်မကို ကြက်တူရွေး ပုံကို ဘာဖြစ်လို့ ဆောင်ခိုင်းတာလဲ။ ”
ဗေဒင်ဆရာ“ အော် ခင်ဗျာလုပ်တဲ့ အလုပ် ကိုကျွန်တော်သိနေတာပဲ။ ယတြာ က ကြက် ချင်းတူရင် ရွေးရအောင်လို့တဲ့။ ”