Saturday, December 1, 2007

World Aids Day ( 1st December )

AIDS ရောဂါဆိုတာ
ကမ္ဘာပေါ်မှာ လူပေါင်း ၂၅သန်းကျော် သေပြီး ကလေးပေါင်း ၁၄သန်းကျော် မိဘမဲ့ဖြစ်ခဲ့ရတဲ့ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး
ကပ်ရောဂါ တစ်ခုပါပဲ ဒီ ရောဂါဟာ အများအားဖြင့် လိင်ဆက်ဆံမှုက ကူးစက်တာပါပဲ
နောက်ပြီး ဆေးထိုးအပ်၊ ဆေးထိုး ပြွန်ကတစ်ဆင့် ကူးစက်တတ်တယ်၊ ရောဂါရှိသူရဲ့သွေး သွင်းမိရာကနေလည်း
ကူးစက်တတ်တယ်၊ ရောဂါပိုးရှိသူ မိခင်ကနေ ကလေးကိုလည်း ကူးစက်တတ်တယ်။
( ဒါတွေက တော်တော် များများ က သိပြီးသားဖြစ်မှာပါ။ မသိသေးသူတွေ အတွက် ရည်ရွယ်ပါတယ် )

အဲ့ဒီထဲမှာ သွေးနဲ့ သွေးသွင်းရာကနေ ကူးစက်မှု အန္တရယ်က ၉၀% ရှိပေမယ့် တစ်ကမ္ဘာလုံးမှာ သွေးနဲ့ သွေးသွင်းမှုကနေ
ကူးစက်ခံထားရတဲ့ ရောဂါသည်ပေါင်းက အားလုံးရဲ့ ၃% ပဲရှိတယ်။

မိခင်က နေ ကလေးကို ကူးစက်မှု အန္တရယ်က ၂၀% - ၄၀% ထိရှိပေမယ့် ကူးစက်ခံထားရတဲ့ ရောဂါသည်ပေါင်းက အားလုံးရဲ့ ၉% ပဲရှိတယ်။

မူယစ်ဆေး အကြောထဲ ထိုးသွင်းရာက နေ ကူးစက်မှု အန္တရယ်က ၀.၅ - ၁% ရှိပေမယ့် ကူးစက်ခံထားရတဲ့ ရောဂါသည်ပေါင်းက အားလုံးရဲ့ ၈% ပဲရှိတယ်။

အဲ့ လိင်ဆက်ဆံခြင်းက ကူးစက်မှု အန္တရယ်က ၀.၁ - ၁% ပဲရှိပေမယ့် တစ်ကမ္ဘာလုံးမှာ ကူးစက်ခံထားရတဲ့ ရောဂါသည်ပေါင်းက
အားလုံးရဲ့ ၈၀% ရှိနေပါတယ်။ အကြိမ် ၁၀၀၀ ဆက်ဆံမှ ကူးစက်မှု အန္တရာယ် ၁ ကြိမ် ပဲဖြစ်နိုင်တယ် ဆိုပေမယ့်
အဲ့ဒီ ပထမဆုံး အကြိမ်က ကူးစက်သွားရင် ဘယ်လိုလုပ်မလဲ ??

ဒါတွေကို ကြည့်ရင် ဒီရောဂါ ကူးစက်မှု အဓိက အကြောင်းအရင်းက လိင်ဆက်ဆံမှုက နေကူးစက်တာပါပဲ။
ဒါတွေကို ဘယ်လိုတားဆီးမလဲ ဆိုတာကတော့
တစ်လင်၊ တစ်မယား စနစ်ကို ကျင့်သုံးရမယ်၊
နောက်ပြီး မလိုအပ်ပဲ ဆေးထိုးခြင်း၊ သွေးသွင်းခြင်း နဲ့ ဆေးမှင်ကြောင် ထိုးခြင်းတွေကို ရှောင်ကြဉ်ရမယ်၊
လိင် အပျော် အပါးလိုက်စားမှုကို ရှောင်ကြဉ်ရမယ်။
မရှောင်နိုင်ရင် တော့ အကာအကွယ် ပစ္စည်း ကွန်ဒုံး(condom) သုံးရမယ်။ ဒါတောင် ကွန်ဒုံး (condom) က ၉၉%ပဲ ကာကွယ်ပေးနိုင်ပါတယ်။ ၁၀၀% ကာကွယ်မပေးနိုင်ပါဘူး။

တစ်ချို့တွေကတော့ ပြောပါတယ် မိုးရေချိုးပါတယ်ဆိုမှ မိုးကာအင်္ကျီ ဝတ်ချိုးခိုင်း နေတယ်တဲ့။
ခဏတာ သာယာ ဖို့ အတွက် လေးနဲ့တော့ တစ်ဘဝလုံး ရေစုန်မျောရမှာကို ချင့်ချိန် စဉ်းစားကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

ဘဝ အပျက်ခံမလား? ကွန်ဒုံး(condom) သုံးမလား? ကိုယ်လျှောက်မဲ့ လမ်းက ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။

No comments: