ပဋိသန္ဓေတည် ကတည်းက
တယုတယ နဲ့ ချစ်ခဲ့တဲ့ မေမေ .....
၉ လ ၁၀လ လောက် လွယ်ပြီး
သားလား၊ သမီးလား မသိသေးတဲ့
အချိန်က စပြီး ချစ်ခဲ့တဲ့ မေမေ .....
မွေးဖွားလာတော့လည်း
အရိပ် တကြည့်ကြည့်နဲ့
အရွယ်ရောက်တဲ့ အထိ
လမ်းမှားမရောက်အောင်
သွန်သင်ဆုံးမ စောင့်ရှောက်ခဲ့တဲ့ မေမေ .....
ဘယ်သူတွေ ဘယ်လိုတိုက်ခိုက်
နှိမ့်ချပါစေ သားတို့
ရှေ့မှာ အမြဲတမ်း
မားမား မတ်မတ်
ရပ်တည်ပေးခဲ့တဲ့ မေမေ .....
မေမေ ဟာ အခုဆို
(၄၉)နှစ် ပြည့်ခဲ့ပါပြီ
ဒါပေမယ့် အခုချိန်ထိ
သားတို့ အပေါ်မှာ နည်းနည်းမှ
အချစ် မလျော့ခဲ့ပါဘူး
ကြီးလေလေ မိဘ အချစ်တရား
ပိုသိလေ ဆိုတာ တကယ်မှန် ပါတယ် မေမေ .....
အရင် က အမေ့ရဲ့
သွန်သင်ဆုံးမ သံတွေကို
ဆူပူ ကြိမ်းမောင်းသံတွေလို့ ထင်ခဲ့တာ
အခုချိန်မှာတော့ အမေ့ရဲ့ သားအပေါ်ထားတဲ့
မေတ္တာတွေ ကို သားသိတတ်ခဲ့ပါပြီ အမေ .....
အခုတော့ အမေ့ရဲ့
သွန်သင်ဆုံးမ သံတွေဟာ
သားရဲ့နားထဲမှာ ပျံ့လွင့်နေတယ် မေမေ .....
အမေ့ရဲ့ သားအပေါ်ထားတဲ့
မေတ္တာတွေဟာ အနန္တပါပဲ
အမေ့ရဲ့ ကျေးဇူးတွေက
ဆပ်လို့မကုန်နိုင်ပါဘူး
ဒါပေမယ့် သား ကိုယ်စွမ်း ဥာဏ်စွမ်း
ရှိသလောက် အစွမ်းကုန်
ဆပ်သွားပါ့မယ် အမေ .....
Saturday, December 1, 2007
အမေ့ ရဲ့ အနန္တမေတ္တာ
Posted by 17Chaos at Saturday, December 01, 2007 Labels: Mother
Subscribe to:
Post Comments (Atom)
No comments:
Post a Comment