Thursday, January 3, 2008

ငါ့အပြစ်ပါကွာ

တစ်ခါ ခံရရင် လုပ်တဲ့သူ အပြစ်
နှစ်ခါခံရရင်လည်း လုပ်တဲ့သူ အပြစ်ပဲ
ဒါပေမယ့် သုံးခါ ခံရရင်တော့ ခံရတဲ့သူ အပြစ်တဲ့

နှစ်ခါ ခံစားပြီးပြီလေ ......
အဲ့ဒီလောက်ဆို “ ဒတ် ” လိုက်ပါတော့ လို့
ကိုယ့်ကို ကိုယ် သတိပေးနေမိတယ်။
ဦးနှောက်က တားမြစ်ချက်ကို လစ်လျူရှုပြီး
မင်းရဲ့ အပြုံးတစ်ချက်ရဲ့ စေညွှန်ရာကို
မက်မက်မောမော လုပ်ချင်နေမိတာဟာ
ဘာကြောင့်လို့ မင်းထင်လဲ.......

No comments: