တစ်နေ့ ဘုရားပေါ်မှာ ဗေဒင် ဟောနေတဲ့ ဗေဒင်ဆရာ တစ်ယောက်ဆီကို မိန်းမတစ်ယောက် ဗေဒင်လာမေးသတဲ့။
အဲ့ဒီမိန်းမ ပုံကို ဗေဒင်ဆရာက ကြည့်လိုက်တော့ ပုံစံက သိပ်မဟုတ်ချင်ဘူး။ ဒါပေမယ့်လည်း
ကိုယ့်ဆီလာတဲ့ Customer ဆိုတော့ မေးလိုက်တယ်။ လာပါဗျာ ဗေဒင်မေးမလို့လား?
အဲ့ဒီမိန်မ က “ ဟုတ်ကဲ့ ဆရာ၊ ကျွန်မ အလုပ်အကိုင် သိပ်မကောင်းလို့ ယတြာလေးလိုချင်လို့ ”
ဗေဒင်ဆရာက “ ဒါနဲ့ အမ က ဘာ အလုပ်လုပ်လဲ။ ”
သူ့အလုပ်က ပြောလို့မကောင်းတဲ့ အလုပ်ဆိုတော့
အဲ့ဒီမိန်းမက “ ဆရာ ကျွန်မအလုပ်ကို မပြောပါရစေနဲ့။ ”
ဒါနဲ့ ဗေဒင်ဆရာလည်း “ ရပါတယ်။ ခင်ဗျား မပြောချင်လည်း မပြောပါနဲ့ ဆိုပြီး ယတြာ လုပ်ပေးလိုက်သတဲ့ ”
ယတြာ က ကြက်တူရွေး ပုံကို အလုပ်လုပ်ရင် အိတ်ထဲမှာ အမြဲဆောင်ထား ရမယ်လို့ပြောလိုက်တယ်။
မိန်မကြီးလည်း ပြန်သွားတော့တယ်။
နောက် နှစ်ပါတ်လောက် အကြာမှာ ဗေဒင် ဆရာဆီကို အဲ့ဒီမိန်မ ပြန်ရောက်လာတယ်။
မိန်းမ “ အလုပ်အကိုင် အဆင်ပြေလို့ ဆရာကို ကျေးဇူးလာဆပ်တာပါ။
နောက်ပြီး ဆရာ ဘာဖြစ်လို့ ကျွန်မကို ကြက်တူရွေး ပုံကို ဘာဖြစ်လို့ ဆောင်ခိုင်းတာလဲ။ ”
ဗေဒင်ဆရာ“ အော် ခင်ဗျာလုပ်တဲ့ အလုပ် ကိုကျွန်တော်သိနေတာပဲ။ ယတြာ က ကြက် ချင်းတူရင် ရွေးရအောင်လို့တဲ့။ ”
Wednesday, December 26, 2007
ကောင်းလိုက်တဲ့ ယတြာ
Posted by 17Chaos at Wednesday, December 26, 2007 0 comments Labels: Humour
Friday, December 7, 2007
ဟာသ အပိုင်းအစများ ( အရက်သမား (၁) )
တစ်ခါက တစ်ယောက်နဲ့ တစ်ယောက် တွေ့တိုင်း ပြိုင်လေ့ရှိတဲ့
ယုန်လေး တစ်ကောင်နဲ့ မြေးခွေး တစ်ကောင် ရှိ သတဲ့
တစ်နေ့တော့ ယုန်ကလေးက စက်ဘီးစီးလာချိန်မှာ
အရက်မူးပြီး လမ်းလျှောက် နေတဲ့ မြေခွေး နဲ့ ဆုံကြသတဲ့
အဲ့ဒီမှာ မြေခွေးက
ဟေ့ကောင် မင်းက စက်ဘီးတွေ ဘာတွေနဲ့ ပါလား ?
ယုန် ကပြန်ပြီး
အေး ငါက မင်းလို အရက် မသောက်ဘူး အဲ့ဒါကြောင့် စက်ဘီးစီးနိုင်တာ
နောက်တစ်ခါ ယုန်က ကား မောင်းလာပြီး ထပ်ဆုံသတဲ့
အဲ့ဒီမှာ မြေခွေးက
ဟေ့ကောင် မင်းက ကားတွေ ဘာတွေနဲ့ ပါလား ?
ယုန် ကပြန်ပြီး
အေး ငါက မင်းလို အရက် မသောက်ဘူး အဲ့ဒါကြောင့် ကားစီးနိုင်တာ
နောက် တစ်ခါ ယုန်လေး က လမ်းလျှောက်လာတော့ မိုးပေါ်မှာ အသံတွေ ကြားလို့ မော့ကြည့်လိုက်တော့
မြေခွေးက ရဟတ်ယာဉ်ကို မောင်းပြီး ပြုံးပြသတဲ့
အဲ့ဒီမှာ ယုန် လေးက
မင်း ဒီလောက် သောက်စားနေတာကို ဘယ်လို လုပ်ပြီး ရဟတ်ယာဉ် ဝယ်နိုင်ရတာလဲ ?
မြေခွေး ပြန်ပြော လိုက်ပုံမှာ
အေး … ငါ အရက် ပုလင်းခွံတွေ ရောင်းလို့ ရတဲ့ ပိုက်ဆံနဲ့ ဝယ်ထားတာကွ
Posted by 17Chaos at Friday, December 07, 2007 1 comments Labels: Humour
Thursday, December 6, 2007
အလုပ် မလုပ်ပဲ ပိုက်ဆံ အချောင်ရနည်း
လွန်ခဲ့တဲ့ တစ်နှစ် လောက်တုန်းက စာအုပ် တစ်အုပ် ဖတ်လိုက်ရတယ် အောင်သင်း ရေးတဲ့
“ သူ့အတွေး ကိုယ့် အမြင်တဲ့ ” အဲ့ဒီထဲမှာပါတဲ့ စကားလုံးလေးကို တော်တော် သဘောကျသွားတယ်
သူပြောထားတာက
“ အလုပ်လုပ်တာဟာ ဝါသနာပါလို့လုပ်တာထက်
ကိုယ် လုပ်ရမယ့်အလုပ်ကို ဝါသနာပါတာက ပိုကောင်းတယ်လို့ ” ဆိုပါတယ်။
ဖတ်လိုက်ရင်တော့ ရှင်းရှင်းလေးပါ
ဒါပေမယ့် သေသေချာချာ. စဉ်းစားကြည့်လိုက်တော့
အဓိပ္ပါယ် တော်တော်ရှိတာကို တွေ့လိုက်ရတယ်
သူပြောထားပုံကတော့ လူတစ်ယောက် ဟာ ကိုယ်လုပ်မဲ့ အလုပ်ကို ဝါသနာ ပါရင်
အဲ့ဒီ အလုပ်ကို အလုပ်လို့ မယူဆတော့ဘဲ
ကိုယ်လုပ်ချင်တာ လုပ်နေရသလိုမျိုး အလုပ် မလုပ်ရပဲ ပိုက်ဆံ အချောင်ရနေသလိုပဲ
Posted by 17Chaos at Thursday, December 06, 2007 0 comments
Saturday, December 1, 2007
Blog !! တစ်ခု ရဲ့ အာရုဏ်ဦး
Blog ကို ရေးမယ် ရေးမယ် လုပ်နေတာ တော်တော် ကြာပြီ
ပျင်းတာရယ် မအားတာရယ် မလုပ်တတ်တာရယ် ပေါင်းပြီးတော့ ကြာနေတာ
အခုတော့ ရပ်ကွက်က ဝိုင်းကူလိုက်မှပဲ ရေးဖြစ်တော့တယ်
ရေးဖြစ်တဲ့ နေ့ကျတော့လည်း တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော့် အမေ ရဲ့ မွေးနေ့ ဖြစ်နေတယ်
နောက်ပြီး ဒီနေ့က ဒီဇင်ဘာလ ၁ရက် World Aids day လေ
နောက်တစ်ခု ကတော့ ကျွန်တော့ အတွက် မေ့မရတဲ့ အဖြစ် တစ်ခု အစပြုတဲ့နေ့ပေါ့
ကူညီပေးတဲ့ rapster88 & zerotrash21 ကို အထူးပဲ ကျေးဇူးတင်ပါတယ်။
နောက်လဲ ကူညီပေးပါအုံးလို့ :)
Posted by 17Chaos at Saturday, December 01, 2007 0 comments Labels: About My Blog
မေမေ့ မွေးနေ့
ဒီနေ့ ဟာ အမေ့ရဲ့ နှစ် ၄၉ မြောက် မွေးနေ့ မင်္ဂလာပါ နေ့မြတ်ပါ အမေ
ဒီလို အမေ့ရဲ့ မွေးနေ့ မင်္ဂလာ နေ့ရက်မှာ အမေ့ကို ကဗျာတစ်ပုဒ် နဲ့
ကျွန်တော် ရှိခိုး ကန်တော့ ပါရစေ အမေ ။
Posted by 17Chaos at Saturday, December 01, 2007 1 comments Labels: Mother
