ရွှေ အကြောင်း ဖယောင်းကသိ
လူ အကြောင်း ပေါင်းမှ သိ
သိပ်မှန်တဲ့ စကားပုံတစ်ခုပါပဲ
ပေါင်းတာကြာလေ ပိုသိလေပဲ
တစ်ခါနှစ်ခါ တွေ့ရုံနဲ့တော့ ယုံစားလို့မရပါဘူး
အော် -ိန်း- -ိန်း- တော်တော်လည်း တတ်နိုင်ကျတဲ့ -ိန်း - တွေ
အရင် တုန်းက တစ်မျိုး အခုတစ်မျိုးနဲ့
ဟိုတုန်းက တွေ့ခဲ့တာ မင်းမှ ဟုတ်ရဲ့လားလို့
စိတ်ကောက်တတ်တာလဲ မင်းပဲ
အချော့ကြိုက်တာလဲ မင်းပဲ
အခု ကျတော့လဲ မင်းမဟုတ်တဲ့ အတိုင်းပါပဲလား
ဒီ အပြုံးနဲ့ အမုန်း ကြားထဲမှာ သံသရာ လည်နေတော့လည်း........
Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts
Thursday, January 3, 2008
အော် -ိန်း- -ိန်း -
Posted by 17Chaos at Thursday, January 03, 2008 0 comments Labels: Poem
ငါ့အပြစ်ပါကွာ
တစ်ခါ ခံရရင် လုပ်တဲ့သူ အပြစ်
နှစ်ခါခံရရင်လည်း လုပ်တဲ့သူ အပြစ်ပဲ
ဒါပေမယ့် သုံးခါ ခံရရင်တော့ ခံရတဲ့သူ အပြစ်တဲ့
နှစ်ခါ ခံစားပြီးပြီလေ ......
အဲ့ဒီလောက်ဆို “ ဒတ် ” လိုက်ပါတော့ လို့
ကိုယ့်ကို ကိုယ် သတိပေးနေမိတယ်။
ဦးနှောက်က တားမြစ်ချက်ကို လစ်လျူရှုပြီး
မင်းရဲ့ အပြုံးတစ်ချက်ရဲ့ စေညွှန်ရာကို
မက်မက်မောမော လုပ်ချင်နေမိတာဟာ
ဘာကြောင့်လို့ မင်းထင်လဲ.......
Posted by 17Chaos at Thursday, January 03, 2008 0 comments Labels: Poem
Subscribe to:
Posts (Atom)
